> For the complete documentation index, see [llms.txt](https://kaungs-organization-1.gitbook.io/react-learning-for-beginners/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://kaungs-organization-1.gitbook.io/react-learning-for-beginners/react-learning-myanmar.md).

# React Learning Myanmar

### Author Bate Thar

ဒီ စာအုပ်ကိုရေးရတဲ့ ရည်ရွယ်ချက်က တော့ React ကိုအခုမှ စတင်ပြီးတော့လေ့လာကြမယ့်&#x20;

beginner တွေအတွက် အလွယ်ကူဆုံး လေ့လာနိုင်လောက်တဲ့ အထောက်အကူလေး တစ်ခု&#x20;

ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်တာပါ&#x20;

ဒီ စာအုပ်လေးနဲ့ပတ်သက်တဲ့ source code တွေက တော့ ဒီမှာ သွားယူလို့ရပါတယ်

{% embed url="<https://github.com/Kaung-Myat-Hun/react-learning-book>" %}

***

What is React&#x20;

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ React ဆိုတာကို Web development ဖက်မှာ တော်တော်လေး hot&#x20;

ဖြစ်လာနေတဲ့ tech stack တခုပါပဲ

သူက ဘယ်လိုမျိုးလည်းဆိုတော့ javascript ရဲ့ library လေးတစ်ခုပါပဲ&#x20;

သူ့ကို လက်ရှိမှာက maintain လုပ်ထားတာက meta (facebook) ကနေပြီးတော့လုပ်ထားတာပါ

အဲဒါကြောင့်မလို့သူက community တောင့်ပြီးတော့ တော်တော်လေး hot ဖြစ်နေတာပါ&#x20;

ပြီးတော့နောက်တစ်ခုက သူက လေ့လာရတာ လွယ်တာဖြစ်တဲ့အတွက် ပိုပြီးတော့ popular ဖြစ်တာပါ

Beginner friendly ဖြစ်တော့ တော်တော်လေးကို fast learning လုပ်နိုင်ပါတယ် React က&#x20;

အဲဒါကြောင့်မလို့ မြန်မာနိုင်ငံမှာတော်တော်လေး hot ဖြစ်လာနေတာပါ&#x20;

သူကနေပြီးတော့ ကျွန်တော်တို့ တွေက ဘယ်လိုမျိုး ထွက်လာလည်းဆိုတော့ frontend ဖက်ဆိုရင်

`React / React-native ( mobile ) / Next JS`&#x20;

Backend ဖက်ကိုကျတော့ `nodeJS / ExpressJS`&#x20;

Database ကို က ကျတော့ `Mongo DB ( NOSQL )` အသုံးပြုပြီးတော့

`MERN ( Mongo , Express , React , Node )` ဆိုပြီးတော့ full tech stack  ဖြစ်လာတာပါ&#x20;

ကဲ ကျတော်တို့ အရင်ဆုံး React ကို မလေ့လာခင်မှာ ဘာတွေလိုအပ်မလဲဆိုတော့&#x20;

Javascript ကို ES6 module တွေ es6 ရဲ့ ပြောင်းလဲသွားတာတွေ ကို တော်တော်များများ  သိထားရပါမယ်

ပြီးတော့ javascript array method တွေဖြစ်တဲ့ ဥပမာ `map , filter` တို့လိုမျိုးကို အနည်းဆုံးတော့&#x20;

သိထားဖို့လိုပါမယ်&#x20;

Function တွေအကြောင်း return တွေ အလုပ်လုပ်ပုံရယ်ကို သိထားဖို့လိုပါတယ် မသိသေးဘူးဆိုရင်&#x20;

သွားပြီးတော့လေ့လာကြည့်ကြည့်ပါ

&#x20;[Javascript](https://javascript.info/)
