👨💻React Learning Myanmar
Purpose for Easy learning to React beginners
Author Bate Thar
ဒီ စာအုပ်ကိုရေးရတဲ့ ရည်ရွယ်ချက်က တော့ React ကိုအခုမှ စတင်ပြီးတော့လေ့လာကြမယ့်
beginner တွေအတွက် အလွယ်ကူဆုံး လေ့လာနိုင်လောက်တဲ့ အထောက်အကူလေး တစ်ခု
ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်တာပါ
ဒီ စာအုပ်လေးနဲ့ပတ်သက်တဲ့ source code တွေက တော့ ဒီမှာ သွားယူလို့ရပါတယ်
What is React
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ React ဆိုတာကို Web development ဖက်မှာ တော်တော်လေး hot
ဖြစ်လာနေတဲ့ tech stack တခုပါပဲ
သူက ဘယ်လိုမျိုးလည်းဆိုတော့ javascript ရဲ့ library လေးတစ်ခုပါပဲ
သူ့ကို လက်ရှိမှာက maintain လုပ်ထားတာက meta (facebook) ကနေပြီးတော့လုပ်ထားတာပါ
အဲဒါကြောင့်မလို့သူက community တောင့်ပြီးတော့ တော်တော်လေး hot ဖြစ်နေတာပါ
ပြီးတော့နောက်တစ်ခုက သူက လေ့လာရတာ လွယ်တာဖြစ်တဲ့အတွက် ပိုပြီးတော့ popular ဖြစ်တာပါ
Beginner friendly ဖြစ်တော့ တော်တော်လေးကို fast learning လုပ်နိုင်ပါတယ် React က
အဲဒါကြောင့်မလို့ မြန်မာနိုင်ငံမှာတော်တော်လေး hot ဖြစ်လာနေတာပါ
သူကနေပြီးတော့ ကျွန်တော်တို့ တွေက ဘယ်လိုမျိုး ထွက်လာလည်းဆိုတော့ frontend ဖက်ဆိုရင်
React / React-native ( mobile ) / Next JS
Backend ဖက်ကိုကျတော့ nodeJS / ExpressJS
Database ကို က ကျတော့ Mongo DB ( NOSQL )
အသုံးပြုပြီးတော့
MERN ( Mongo , Express , React , Node )
ဆိုပြီးတော့ full tech stack ဖြစ်လာတာပါ
ကဲ ကျတော်တို့ အရင်ဆုံး React ကို မလေ့လာခင်မှာ ဘာတွေလိုအပ်မလဲဆိုတော့
Javascript ကို ES6 module တွေ es6 ရဲ့ ပြောင်းလဲသွားတာတွေ ကို တော်တော်များများ သိထားရပါမယ်
ပြီးတော့ javascript array method တွေဖြစ်တဲ့ ဥပမာ map , filter
တို့လိုမျိုးကို အနည်းဆုံးတော့
သိထားဖို့လိုပါမယ်
Function တွေအကြောင်း return တွေ အလုပ်လုပ်ပုံရယ်ကို သိထားဖို့လိုပါတယ် မသိသေးဘူးဆိုရင်
သွားပြီးတော့လေ့လာကြည့်ကြည့်ပါ
Last updated