React Project Create
ကျွန်တော်တို့ အရင်ဆုံး React ကို မလုပ်ခင်မှာဘာတွေလိုအပ်သေးတာလည်းဆိုတော့စက်မှာ
node js လေး install လုပ်ဖို့လိုပါမယ်ပြီးတော့ vs code လေး ရှိရပါမယ် (ရှိမယ်လို့လည်းထင်ပါတယ်ဗျာ)
ရှိသွားပြီဆိုရင် ကျတော်တို့ react project လေးတစ်ခုကိုအရင်ဆုံး create လုပ်လိုက်ကြရအောင်ဗျ
ဘယ်လိုမျိုးလုပ်ကြမလဲဆိုတော့
ကျတော်တို့ react project ကို create လုပ်တဲ့ နည်းတွေအများကြီးရှိတဲ့အထဲမှာ မှ ကျတော်က တော့
လက်ရှိမှာ vite js ကို သုံးပြီးတော့ လုပ်ပြပါမယ်
ပထမဆုံး ကျတော်တို့ create လုပ်ချင်တဲ့ နေရာမှာ command prompt / terminal / git bash တစ်ခုခု
ကိုဖွင့်လိုက်ပါ ပြီးရင်တော့ ကျတော်တို့ က ဒီcommand လေးရိုက်ပီးတော့ enter လေး ခေါက်လိုက်ပါ
npm create vite@latest
အဲလိုလေးရိုက်လိုက်ရင် ကျတော်တို့ကို သူက project name လေးထည့်ခိုင်းပါလိမ့်မယ်
အဲမှာကျတော်တို့ ကြိုက်တဲ့ name ပေးလို့ရပါတယ်
Name ပေးတဲ့အချိန်မှာ ကျတော်တို့ သတိထားရမှာက uppercase letter ရေးလို့မရပါဘူးပြီးတော့
name ကို react / react-native / next / node အဲလိုမျိုး package name တွေ သွားပေးလို့မရပါဘူး
Dash ( - ) လေး သုံးပီးရေးလို့ရပါတယ်
Camel Case ကို မသုံးခိုင်းပါဘူး
ပြီးတော့ အစစာလုံးကို number တွေ သုံးလို့မရဘူး
ဒါဆိုရင်တော့ကျတော်တို့ က ဘယ်လိုမျိုးရေးမလဲဆိုတော့
react-lesson1
အဲလိုမျိုးရေးပြီးသွားရင် enter နိပ်လိုက်ပါမယ်အဲကျရင်သူက ကျတော်တို့ကို
select လုပ်ခိုင်းပါလိမ့်မယ် arrow down key လေးနဲ့ react ကိုရွေးပီးတော့ enter ခေါက်လိုက်ပါပြီးသွားရင်
ကျတော်တို့ကို typescript လား javascript လားရွေးခိုင်းပါလိမ့်မယ် Javascript ရိုးရိုးကိုပဲ ရွေးပီးတော့
enter ခေါက်လိုက်ပါ
အာ့ဆိုရင် project ကို create လုပ်လို့ပီးသွားပါလိမ့်မယ်
အဲလိုလေးပေါ်လာပြီးသွားရင် ကျတော်တို့ project folder ထဲကို ဝင်လိုက်ပါမယ်
ပြီးသွားရင်တော့ npm install
လုပ်လိုက်ပါမယ်
npm i
Install လုပ်လို့ပြီးသွားရင် ကျတော်တို့
Vscode
လေးကို
code .
လေးနဲ့ ဖွင့်လိုက်ပါမယ်
ပြီးသွားရင်တော့ ကျတော်တို့ vscode ရဲ့ terminal မှာ
npm run dev
လေး ရိုက်လိုက်ပါမယ်အာ့ဆိုရင် သူက
http://localhost:5173
မှာ live server လေး run ပြီးတော့
React project လေး ပွင့်လာပါလိမ့်မယ် ပွင့်လာတဲ့ project ကို ကျတော်တို့ ဖွင့်ချင်တယ်ဆိုရင်
browser မှာ localhost:5173
လို့ရိုက်ပီးတော့ ဖွင့်လို့လည်းရသလိုသူပြလိုက်တဲ့
localhost:5173 ဆိုတာလေးကို ctrl+left click
နိပ်ပြီးတော့လည်း ဖွင့်လို့ပါတယ်ဗျ
အဲလောက်ဆိုရင် ကျတော်တို့ react project တစ်ခုကို create လုပ်လို့ပြီးသွားပါပီ
Last updated