State
ကျတော်တို့ react application တစ်ခုရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ state အကြောင်းလေးကို
လေ့လာလိုက်ကြရအောင်
အရင်ဆုံး ကျတော်တို့ state ကို မလေ့လာခင်မှာ
react ရဲ့ props တွေအကြောင်းကို နားလည်နေဖို့လိုပါတယ်
ဘာလို့လိုအပ်တာလည်းဆိုတော့ ကျတော်တို့ရဲ့ props က လည်းတော်တော်လေး အရေးပါ အရာရောက် တဲ့
နေရာကနေပြီးတော့ ပါဝင်နေတာဖြစ်တာမလို့ပါ
ပြီးတော့ state နဲ့ props ရဲ့ ကွာခြားမှုတွေကို တချက် ကျတော်ရှင်းပြပေးပါမယ်
Props
props ဆိုတာက ကျတော်တို့ react ရဲ့ component တွေ တစ်ခုနဲ့ တစ်ခု data passing လုပ်ပေးတာလို့ ကျတော်တို့
လေ့လာခဲ့ပြီးပါပြီ
သူရဲ့ data တွေက ကျတော်တို့ mutate လုပ်လို့မရနိုင်ဘူး ဘယ်လိုမျိုးလည်းဆိုတော့ ကျတော်တို့က
parent ကနေပြီးတော့ ပေးလိုက်တဲ့ data ကိုပဲ ပြန်ပြပေးရတာဆိုတော့ ကျတော်တို့ က သူ့ဆီရောက်လာတဲ့
data ကို သွားပြီးတော့ ပြောင်းလဲလို့မရပါဘူး
တစ်နည်းပြောရရင်သူက static data လို့ သတ်မှတ်လို့ရတာပေါ့
State
state က ကျတော့ အဲလိုမျိုး မဟုတ်တော့ဘူး ဘယ်လိုမျိုးလည်းဆိုတော့
သူ့မှာက ကျတော်တို့က getter setter လိုမျိုး အလုပ်လုပ်ပေးတာ ဖြစ်တဲ့အတွက်
သူ့ရဲ့ data တွေကို ကျတော်တို့ ပြောင်းလဲပေးလို့ရပါတယ်
ပြီးတော့ ကျတော်တို့က state ကိုပြောင်းလဲပြီးတော့ကျတော်တို့ browser မှာပေါ်စေချင်တဲ့
condition တွေ data တွေကို ဖော်ပြပေးလို့ရသွားပါတယ်
တစ်နည်းပြောရရင် dynamic data တွေပေါ့
ဒီလောက်ဆိုရင်တော့ ကျတော်တို့ state ကို ဆက်ပြီးတော့ လေ့လာသွားလိုက်ကြရအောင်
Last updated