List Rendering
ကျတော်တို့ programmer တွေ developer တွေတိုင်းလိုလို DRY principle ကို ကြားဖူးကြမယ်လို့ထင်ပါတယ်
React application တစ်ခုမှာလည်းကျတော်တို့ က အဲလို DRY principle ကို လိုက်နာပြီးတော့ ရေးကြတဲ့အခါမှာ
ကျတော်တို့က render တွေလုပ်ကြတယ်မလား
ဒီထဲမှာကျတော်တို့ react မှာအသုံးပြုတာများတဲ့ list render အကြောင်းကိုဆက်ပြီးတော့လေ့လာသွားကြ ရအောင်
အရင်ဆုံး ကျတော်တို့ code လေးတွေကို ဒီလိုလေးရေးလိုက်ပါမယ်
import React from 'react'
function ListRendering () {
const list = [ "Bate" , "Thar" , "Kaung" , "Myat" , "Hun" ]
return(

List Rendering

export default ListRendering
ကျတော်တို့က နောက်ပိုင်းကျရင် ဒေတာတွေ array တွေကို ဒေတာပြန်ယူပြီးတော့ render လုပ်တဲ့အခါမှာ
ကျတော်တို့က ဒီဟာတွေကိုတခုချင်း လိုက်ပြီးတော့မရေးသွားပါဘူး အဲဒါကို ကျတော်တို့က
ဘယ်လိုမျိုးရေးသွားမှာလည်းဆိုတော့
return(

list.map((item) => (

{item}

ဒီလိုလေးရေးလိုက်ပြီးရင်ကျတော် တချက်ပြန်ရှင်းပြပေးပါမယ်
အဲဒါကဘာလည်းဆိုတော့ ကျတော်တို့က array data တခုကို render ချချင်တဲ့အခါမှာ array.map
ကိုအသုံးပြုကြပါတယ်
ဘာလို့ ဒီဟာကို ပဲ အသုံးပြုရတာလည်း တခြား ဟာတွေဖြစ်တဲ့ for တို့ for each တို့က
သုံးလို့မရဘူးလားလို့မေးစရာရှိလာပါတယ်
သုံးလို့ကမရဘူးလားဆိုတော့ ရပါတယ် ဒါပေမယ့် map လိုမျိုး တိုက်ရိုက်ကြီးရေးလို့ရတော့မှာမဟုတ်ဘဲနဲ့
သူ့ကို return ပြန်အောင်လုပ်ပေးပြီးတော့ အဲဒါကို ပြန်ပြီးတော့ render ချပေးရမှာပါ array.map မှာက
ကျတော့သူက array ကို return လုပ်ပေးသွားတာဖြစ်တဲ့အတွက် ကျတော်တို့က ဒီဟာကို အသုံးပြုကြတာပါ
ကဲ ဆက်လိုက်ကြရအောင်
အခု အဲလိုလေးရေးလိုက်တဲ့အခါမှာ ကျတော်တို့ browser မှာပြန်သွားကြည့်တဲ့အခါမှာ result ကို
ကျတော်တို့ မြင်ရပါလိမ့်မယ် ဒါပေမယ့်သူကို ကျတော်တို့ console မှာ သွားကြည့်တဲ့အခါမှာ
warning ပြနေတာကိုမြင်ရလိမ့်မယ် အဲဒါက ဘာလည်းဆိုတော့
ဘာလို့ အဲလိုပြောတာလည်းဆိုတော့ ကျတော်တို့ က react မှာ array data ကို list render လုပ်တဲ့အခါမှာ
ကျတော်တို့က သူနဲ့ သက်ဆိုင်တဲ့ node ကို unique ဖြစ်တဲ့ key props လေးတခု ကိုထည့်ပေးပါလို့ပြောပါတယ်
ဘာကြောင့် အဲလိုတောင်းတာလည်းဆိုတော့ သူက v-dom (virtual dom) ထဲမှာ သွားပြီးတော့ render
သွားချပေးတဲ့အခါမှာ ကျတော်တို့ အခု list render လုပ်လိုက်တဲ့ node တွေက အကုန်လုံးတူနေနိုင်တဲ့အနေအထား
တခုရှိနေလို့ပါ အဲအတွက် ကြောင့် သူက v-dom (virtual dom) မှာပြန်စစ်တဲ့အခါမှာ အလွယ်တကူ ဖြစ်အောင်လို့
သူက အဲဒါကိုတောင်းတာပါ ပြီးတော့နောက်တချက်က အဲဒီ unique ဖြစ်တဲ့ key လေးကိုအသုံးပြုပြီးတော့
react က ပြောင်းလဲမှုတွေကို တိုက်စစ်ပြီးတော့မှ browser ကို render ချပေးတာပါ
ကျတော်တို့ ကုဒ်လေးတွေကိုနည်းနည်းပြင်လိုက်ရအောင်
return(

list.map((item , index) => (

{item}

ဒီမှာ ကျတော်တို့က index ဆိုတာကို ယူထားတာတွေ့ရလိမ့်မယ်ဗျ အဲဒီ index ဆိုတာက ဘာလည်း ကို
တွေးမိချင်တွေးမိလိမ့်မယ်
တကယ်က ကျတော်တို့က render လုပ်တဲ့ array ရဲ့ index တွေကို ယူပြီးတော့ထည့်ပေးလိုက်တာပါ
ကျတော်တို့ array တခုမှာ index တွေက တခုနဲ့တခုက မတူဘူးလေ အဲအတွက်ကြောင့် သူ့ကို unique
ဖြစ်တဲ့အရာဆိုတော့ အဲဒါလေးကို ကျတော်တို့က အလွယ်လေးသုံးလိုက်တာပါ( တစ်ကယ်ဆိုရင် မသုံးသင့်ပါဘူးနော်)
အဲလောက်ဆိုရင်တော့ list render ကို နားလည်သွားမယ်လို့ထင်ပါတယ်
Last updated