useRef Hook
အဲဒါက ဘာလည်းဆိုတော့ useRef ဆိုတဲ့ hook လေးပါ အဲဒါက ဘယ်လိုမျိုး အလုပ်လုပ်တာလည်းဆိုတော့
ကျတော်တို့က တချို့ component တွေရဲ့ data တွေကို state နဲ့ ယူတဲ့အခါမှာ ကျတော်တို့ရဲ့ component တွေက
ခနခန rerender လုပ်နေတာကိုမြင်ရပါမယ် ဗျ
အဲလိုမျိုး ခနခန ဖြစ်တာက ကျတော်တို့ small application ( project ) တွေမှာ မသိသာပေမယ့်
အရမ်းအရမ်းကြီးတဲ့ project တွေ ဖြစ်လာတဲ့အခါကျရင် သူက တော်တော်လေး performance
ကို ထိခိုက်လာစေ ပါတယ်အဲအတွက်ကြောင့်တချို့သောအရာတွေကို ကျတော်တို့ရဲ့ react က နေပြီးတော့
state လိုမျိုး data ကို ယူပေးနိုင်တဲ့ hook လေး တခုကို ထုတ်ပေးလိုက်ပါတယ် အဲဒါက useRefလေးပါပဲ
သူ့ကို ကျတော်တို့က ဘယ်လိုမျိုးအလုပ်လုပ်တာလည်းဆိုတာကို လေ့လာလိုက်ကြရအောင်
အရင်ဆုံး ကျတော်တို့ ဒီလိုလေးရေးလိုက်ပါမယ်
import { useRef } from 'react'
function UseRefHook(){
const ref = useRef(0)
return(
<div>
<h1>Count - {ref.current}</h1>
<button>Add</button>
</div>
)
}
export default UseRefHookအရင်ဆုံး component တစ်ခုကို ဒီလိုလေး တည်ဆောက်လိုက်ပါမယ်
ဒီအချိန်မှာ ကျတော်တို့သတိထားမိမှာကါ ကျတော်တို့ count value ကို ref.current နဲ့ ခေါ်ထားတာကိုမြင်ရပါ
မယ်ဗျ အဲဒါက ဘာလည်းဆိုတော့ ကျတော်တို့ useRef က သူက object တခုကို return ပြန်ပေးပါတယ်
သူ့ထဲမှာဘာတွေပါတာလည်းဆိုတော့
current ဆိုပြီးတော့ ကျတော်တို့ useRef ရဲ့ parenthesis ထဲမှာ initial value လေးနဲ့ ပြန်ပေးထားတာပါ
အဲဒါကို ကျတော်တို့က button onClick ရဲ့အထဲမှာ function လေးကို ဒီလိုလေးရေးလိုက်ပါမယ်
တခုသတိထားရမှာက ကျတော်တို့ က useRef လေးကို update လုပ်လိုက်တိုင်းမှာ ကျတော်တို့
က current ကိုပဲ သွားသွားပြီးတော့ update လုပ်ပေးရမှာပါ
ဒီလိုလေးရေးပြီးတော့ ကျတော်တို့ browser ကိုသွားကြည့်လိုက်ကြရအောင်
ဒီမှာ ထူးခြားတာ ဘာတွေ့ရမှာလည်းဆိုတော့ ကျတော်တို့ရဲ့ useRef ရဲ့ data က ပြောင်းလဲသွားပေမယ့်
Browser မှာ 0 ကနေပြီးတော့ ပြောင်းလဲသွားတာကိုမမြင်ရပါဘူး
ကျတော်state မှာတုန်းကလည်းပြောခဲ့ပါတယ်
ကျတော်တို့ပြောင်းလဲမှုကို မြင်စေချင်ရင် state နဲ့ setState ကို အသုံးပြုပေးရမှာပါဆိုပြီးတော့ အဲသဘောအတိုင်းပါပဲ ref က သူက background မှာပဲအလုပ်လုပ်ပေးသွားတာပါ
ဒါဆိုရင် သူကို ကျတော်တို့ rerender လုပ်စေချင်ရင် ဘယ်လိုရေးရမှာလည်းပေါ့
တစ်ကယ် ကျတော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကိုက rerender ကိုမဖြစ်စေချင်လို့ပါ တကယ်လို့ လုပ်ရမယ့်အနေအထား လေးရှိလာခဲ့ရင် state ကိုအသုံးပြုလိုက်တာက ပိုကောင်းပါတယ်
အခုက ကျတော့ ကျတော်က useRef ကိုဘယ်လိုမျိုးအလုပ်လုပ်တာလည်းဆိုတာကို ပဲလေ့လာရပါသေးတယ်
သူ့ကိုအဓိက ဘယ်မှာအသုံးပြုရတာလည်းဆိုတော့ ကျတော်တို့က input data တွေ မှာ အဓိက အသုံးပြုကြပါတယ်
ဘာလို့ဆိုတော့ ကျတော်တို့ရဲ့ input တွေမှာက onChange လုပ်ရတဲ့အခါ သူက component ကို ခနခန
rerender လုပ်ပေးနေလို့ပါအဲအတွက်ကြောင့် ကျတော်တို့က useRef ကို အသုံးပြုရတာပါ
ကျတော်တို့ ဒီလိုလေး ရေးလိုက်ပါမယ်
ဒီလိုလေးရေးပြီးတော့ ကျတော်တို့ browser ကို တချက်သွားကြည့်လိုက်ပါမယ်
ဒီလိုလေးမြင်ရပါမယ်
ကျတော်တို့က ဒီထဲမှာစာကိုရိုက်ကြည့်တဲ့အခါမှာ useEffect က အလုပ်မလုပ်တော့ပါဘူး
ဘာဖြစ်လို့လည်းဆိုတော့ useEffect က state update လုပ်တဲ့အခါမှ ပြန်ပြီးတော့အလုပ်လုပ်ပေးတာပါ
ဒီလောက်ဆိုရင်တော့ ကျတော်တို့ useRef hook ကို နားလည်သွားမယ်လို့ထင်ပါတယ်
ကျတော်တို့ useRef ကို လေ့လာပြီးတဲ့အခါမှာ ဘာကို သိသွားရမှာလည်းဆိုတော့ ကျတော်တို့ရဲ့ data တွေကို
user တွေ client တွေကို ပြန်ပြီးတော့ render ပြချင်တဲ့အခါမှာ state ကို အသုံးပြု ရပြီးတော့
data တွေကို client တွေကိုမပြချင်ပဲ နဲ့ နောက်ကွယ်ကနေပြီးတော့အလုပ်လုပ်သွားစေချင်တဲ့အခါမျိုး
ဥပမာ - form handling တွေမှာဆိုရင် useRef ကိုအသုံးပြုပေးရမှာပါ
Last updated