useId Hook
React Hook
ဒီတစ်ခါမှာတော့ ကျတော်တို့ react ထဲမှာ အလွယ်ဆုံး hook တခုအကြောင်းကိုလေ့လာလိုက်ကြရအောင်
အဲဒါက useId ဆိုတဲ့ hook လေးပါပဲ
သူကတော့ လွယ်ပါတယ် သုံးရတဲ့အခါမှာက
သူ့ကို ဘယ်မှာသုံးတာများတာလည်းဆိုတော့ ကျတော်တို့က key value တွေကိုထည့်ပေးတဲ့အခါမျိုးတွေမှာ သုံးကြပါတယ်
ဒီနေရမှာ key လို့ပြောလိုက်တာနဲ့ listing render ကိုသွားမြင်ကြပါလိမ့်မယ်
useId hook က list render မှာသွားသုံးလို့မရပါဘူး ဘာလို့လည်းဆိုတော့ သူက id တခုကို တကြိမ် render လုပ်တိုင်းမှာ
ပြန်ပြီးတော့ အသစ်ပြန်လုပ်ပေးတာမလို့ပါ
list render မှာသုံးတဲ့ key က ကျတော့ array ရဲ့ data က ပါလာတဲ့ သူ့ရဲ့ unique id ကိုပဲ အသုံးပြုပေးတာက ပိုပြီးတော့
အဆင်ပြေသွားမှာပါ
ဘာလို့ အဲလိုမျိုးအသုံးပြုခိုင်းတာလည်းဆိုတော့ သူ့ရဲ့ id နဲ့ render ချလိုက်တဲ့ component ကို တသမတ်တည်း ရှိ စေချင်
လို့ပါ
ဘာလို့ဆိုတော့ ကျတော်တို့ react က key ကို အသုံးပြုပြီးတော့ render တွေကို စီမံဆောင်ရွက်တာဖြစ်တဲ့အတွက် သူ့ရဲ့
unique id တွေက array data မှာ တခါတည်းပါလာတဲ့ဟာကိုပဲအသုံးပြုထားပေးမှ ပိုအဆင်ပြေမှာပါ
ကျတော်တို့ တခါတလေကျရင် array.map မှာ array ရဲ့ index ကို key အနေနဲ့ အသုံးပြုကြပါတယ်
အဲဒါက မှန်လားမေးရင်တော့ တချို့တဝက်အနေအထားမှာပဲ မှန်ပါတယ်
ဘာလို့ဆိုတော့ ကျတော်တို့ ရဲ့ array တခု ကပြောင်းလဲမှုလုပ်နေမယ် ( delete လုပ်နေတာမျိုးတွေ ) ဆိုရင် သူရဲ့ array
index တွေက ပြောင်းသွားနိုင်တာကြောင့်မလို့ပါ
array index အစား သူ့ရဲ့ unique id ကိုသာလျင် အကောင်ဆုံး ဖြစ်နေတာပါ
ဒီလောက်ဆိုရင်တော့ တော်တော်လေး နားလည်သွားမယ်လို့ထင်ပါတယ်
ဒါဆို ကျတော်တို့ useId လေးကို ဘယ်မှာအသုံးပြုကြမှာလည်းဆိုတာကို တချက်လောက်လေ့လာလိုက်ကြရအောင်ပါ
အပေါ်က ကုဒ်ကို ကျတော်တို့ သွားကြည့်လိုက်ရင် input ရဲ့ အထဲက id နေရာမှာ id လေးက မတူပဲနဲ့ render လုပ်သွားပေး
တာကိုမြင်ရပါလိမ့်မယ်ဗျ ပြီးတော့ useId က တခြား hook တွေလိုမျိုး parameter တွေဘာမှ မပါပါဘူး ဒီအတိုင်း hook
call လုပ်လိုက်တာနဲ့ random value တစ်ခုကို return ပြန်ပေးသွားတာမျိုးပါ ပြီးတော့ တကြိမ် run လိုက်တိုင်းမှာအသစ်
ထုတ်ထုတ်ပေးပေးသွားပါတယ်
ပြောချင်တာက ကျတော်တို့က useId ကို ၂ကြိမ် run တဲ့အချိန်မှာ မတူညီတဲ့ id ၂ခုကို ထုတ်ပေးသွားပြီးတော့ component
၂ခု မတူညီတော့ပါဘူးဆိုပြီးတော့ လုပ်ပေးသွားတာမျိုးပါ
တော်လွယ်လည်းလွယ်ပြီးတော့ အသုံးလည်းဝင်မှာပါ
နောက်တမျိုး ဒီလိုပုံစံလေးတွေမျိုးလည်းအသုံးပြုလို့ရပါသေးတယ်
ဒီလောက်ဆိုရင်တော့ useId ကို နားလည်သွားမယ်လို့ထင်ပါတယ်
Last updated