Virtual Dom ( V-Dom )

ကျတော်တို့ က react လို့ပြောလိုက်တာနဲ့ သူနဲ့ တွဲပြီး မျက်စိထဲမြင်ကြတာက virtual dom (react dom) ပါပဲ

အဲလိုမျိုး virtual dom တခုကလည်း ဘယ်လိုမျိုးအလုပ်လုပ်တာလည်းဆိုတာကို ကျတော်တို့ က သိထားဖို့လိုပါတယ်ဗျ

ကျတော်တို့ virtual dom နဲ့ actual dom တွေ အကြောင်းကို နည်းနည်းပါးပါးလေး အလုပ်လုပ်ပုံကို သိအောင်

လေ့လာလိုက်ကြရအောင်

React ကဘာလို့ ဒီလောက်မြန်နေရတာလည်းပေါ့ အဲလိုမျိုး‌ မေးခွန်းတွေ က တော်တော်များများ

ကြားဖူးကြမယ်လို့ထင်ပါတယ်

ဘာကြောင့်မြန်တာလည်းဆိုတော့ သူ့ရဲ့ react dom မှာအလုပ်လုပ်ပြီးတော့မှ browser ပေါ်ကို

render လုပ်ပေးလိုက်တာ ကြောင့်မလို့ပါ

ကျတော်တို့က list render လုပ်တဲ့အခါမှာ react ကနေပြီးတော့ unique ဖြစ်တဲ့ key props

လေးတောင်းတာကို မှတ်မိကြမယ် ထင်ပါတယ်

အဲဒါ key လေးက ဘယ်လောက်အထိအရေးပါလည်းဆိုတော့ သူက v-dom ထဲမှာ

ပြောင်းလဲမှုဖြစ်သွားတဲ့အရာကိုအဲဒါလေးနဲ့ တိုက်စစ်တာပါ

ပြီးတော့မှ ပြောင်းလဲမှုမရှိတော့တဲ့ final root node ကို browser ပေါ်မှာ render လုပ်ပေးလိုက်တာပါ

ကျတော်တို့ရဲ့ js ရဲ့အလုပ်လုပ်ပုံကအရမ်းမြန်တာဖြစ်တဲ့အတွက် သူ့ကို ကျတော်တို့က တခြား process

တွေကို အလုပ်လုပ်ခိုင်းပြီးတော့ လိုအပ်တဲ့ result လေးကိုပဲ browser ရဲ့ render engine

ကိုလုပ်ခိုင်းတာဖြစ်တဲ့ အတွက် မြန်နေတာပါ

Dom တွေ render အကြောင်းကိုဖတ်ချင်ရင် link

Last updated