Reducer Hook
ကျတော်တို့ အခုလေ့လာမှာကတော့ useReducer hook အကြောင်းပါပဲ
ကျတော်တို့က react ကို လေ့လာတာက တော်တော်လေးခရီးရောက်ခဲ့ကြပါပြီ
အဲဒီအတွက် ကျတော်တို့က အရေးကြီးတဲ့ အရာတွေကို ဆက်လေ့လာကြရတော့မှာပါ useReducer hook
ဆိုတာက ကျတော်တို့ မြင်သာအောင် အလွယ်ပြောရရင် state management အတွက် ပါပဲ
ကျတော်တို့က နောက်ပိုင်း state တွေက များလာတာနဲ့အမျှ complex တွေဖြစ်လာတဲ့အခါကျရင်
ကျတော်တို့ ရဲ့ code တွေ က ရှုပ်ပွ လာတော့မှာပါ အဲဒါကို ကျတော်တို့က reducer hook ကိုအသုံးပြုပြီးတော့
ကုဒ်တွေကိုရှင်းလင်းသွားအောင် ရေးလို့ရပါတယ်
သူ့ရဲ့အလုပ်လုပ်ပုံလေးက တော့ ဘယ်လိုမျိုးလည်းဆိုတော့ ကျတော်တို့ရဲ့ state တွေကို action အပေါ်
မူတည်ပြီးတော့ ပြောင်းလဲ အလုပ်လုပ်သွားတာမျိုးပါ
ကျတော်တို့ စပြီးတော့ လေ့လာလိုက်ကြရအောင်
အရင်ဆုံး ဒီလိုလေး ရေးလိုက်ပါမယ်
import { useReducer } from 'react'
function ReducerHook () {
return (
<div>Reducer Hook</div>
)
}
export default ReducerHookကျတော်တို့ component တစ်ခုကိုအရင် တည်ဆောက်လိုက်ပါမယ်
ပြီးသွားတဲ့အခါကျရင်ကျတော်တို့က reducer hook ကို ဒီလိုလေး အသုံးပြုလိုက်ပါမယ်
ကျတော် ဒီကုဒ်လေးတွေကိုတချက်ရှင်းပြပေးပါမယ်
ပထမဆုံး ကျတော်တို့က useReducer လေးကို ဒီလိုလေးရေးလိုက်ပါမယ်
useReducer( first , second , third)
ပြောချင်တာက reducer hook တခုမှာ parameter ကို ၃ ခု လက်ခံပါတယ်
အဲဒီ သုံးခုမှာက ကျတော်တို့အသုံးများတာက first နဲ့ second ပါပဲ third တခုက ကျတော့ optional ဆိုတော့
သူ့ကို ကျတော်တို့ နောက်မှ ဆက်လေ့လာလိုက်ကြရအောင်
အဲဒီ၂ခု ကဘာတွေလည်းဆိုတော့ အပေါ်က ကုဒ်မှာ ရေးပြထားတဲ့အတိုင်းပါပဲ reducer ဆိုတဲ့
callback function တခုနဲ့ initial state တစ်ခုပါပဲ
သူက ဒီလို parameter ၂ခုကို တောင်းပြီးတော့ ဘာကို return ပြန်ပေးတာလည်းဆိုတော့ ကျတော်တို့ကို
update ဖြစ်လာတဲ့ state နဲ့ dispatch ဆိုတဲ့ reducer callback ကို action လုပ်ပေးတဲ့ method လေးတခု
ကို ပြန်ပေးပါတယ်
reducer ဆိုတဲ့ callback function လေးက ဘယ်လိုမျိုးအလုပ်လုပ်ပေးတာလည်းဆိုတော့ useReducer
ဆိုတဲ့ hook မှာ ဝင်လာတဲ့ initial state လေးကို လက်ခံပြီးတော့ သူ့ရဲ့ action ထဲကို dispatch ကနေပြီး တော့
ဝင်လာမယ့် action type အပေါ်မူတည်ပြီးတော့ state ကို return ပြန်ပေးတာပါ
အရင်ဆုံး ကျတော်တို့ Counter app လေးတခုကို ဒီလိုလေး ရေးလိုက်ပါမယ်
ဘယ်လိုမျိုးလည်းဆိုတော့
ကျတော်တို့က ပထမဦးဆုံး ဘယ်လိုမျိုး state တွေကို ပြောင်းလဲမှာလည်းဆိုတော့ အဓိက ကျတာက
dispatch နဲ့ action တွေပါပဲ အဲဒါကို ကျတော်တို့က ဘယ်လိုမျိုး ရေးရမှာလည်းဆိုတော့
ဒီလိုလေးရေးလိုက်ပါမယ်
ကျတော်တို့က dispatch ရဲ့ parameter ထဲကို ကျတော်တို့က ပြောင်းလဲမှုလုပ်စေချင်တဲ့ action လေးကို သတ်မှတ် ပေးထားလိုက်ပါတယ်
အဲဒါကို ကျတော်တို့ရဲ့ reducer callback ထဲမှာ ဘယ်လိုမျိုး စောင့်ကြည့်ထားတာလည်းဆိုတော့ ကျတော်တို့က
switch ဆိုတဲ့ condition စစ်တာလေးနဲ့ စောင့်ကြည့်ထားပါတယ် အဲဒါကို ကုဒ်လေးကိုကြည့်လိုက်ရင် မြင်သာပါလိမ့်မယ်
ဒီနေရမှာ if else နဲ့သုံးလို့မရဘူးလားလို့ မေးချင်လာပါလိမ့်မယ် ရပါတယ် ကြိုက်တာနဲ့သုံးလို့ရပါတယ်
သူ့ကိုအလုပ်လုပ်တာကို browser မှာသွားကြည့်ရင် ဒီလိုလေး မြင်ရပါလိမ့်မယ်
ဒီလိုလေး ကျတော်တို့က state ကို လိုချင်တဲ့ action လေးတွေ သတ်မှတ်ပြီးတော့ လုပ်ခိုင်းတာဖြစ်တဲ့အတွက်
ကျတော်တို့ရဲ့ state တွေကို management လုပ်တဲ့အခါမှာ တော်တော်လေး ရှင်းလင်းသွားတာကိုမြင်ရပါလိမ့်မယ်
ကျတော်တို့က action ကိုပေးတဲ့အခါမှာ အခုက ကျတော်က string type အနေနဲ့ ပဲ ပေးလိုက်တာပါ
တကယ်က ကျတော်တို့က နောက်ထပ် object အနေနဲ့ သတ်မှတ်ပြီးတော့ပေးလို့ရပါတယ်
ဘယ်လိုမျိုးလည်းဆိုတော့
ဒီလိုလေးပေးပြီးတော့ ကျတော်တို့ ကုဒ်ကို ဒီလိုလေးပြင်လိုက်ပါမယ် ဗျ
ဒီလိုလေးရေးလိုက်ရုံပဲဆိုတော့ ကျတော်တို့ရဲ့ code တွေက တော်တော်လေး ရှင်းသွားတာကိုမြင်သွားမယ်လို့ထင်ပါတယ်
Last updated