useParams Hook ( React-Router-Dom)
ကျတော်တို့ react-router ကို အသုံးပြုပြီးတော့ route တွေကို ကျတော်တို့ page ချိန်းတာတို့ လုပ်တာကို
လေ့လာခဲ့ပြီးပါပီ နောက်ထပ်တခုကို ကျတော်တို့ ဆက်လေ့လာသွားကြရအောင် အဲဒါက ဘာလည်း ဆိုတော့
ကျတော်တို့ က လက်ရှိ ဘယ် route ကို ရောက်နေတာလည်းဆိုပြီးတော့ ပြန်ပြီးတော့ သိဖို့လိုအပ်တဲ့အခါမျိုးတွေ
ရှိပါတယ်
မြင်သာအောင်ပြောရရင် ဘယ်လိုအခြေအနေမျိုးတွေမှာဆိုရင်တော့ ကျတော်တို့ e-commerce page
တခုကို မြင်ကြည့်ရအောင်
အဲဒီမှာ ကျတော်တို့ item တွေအများကြီးရှိတဲ့အခါမှာ ကျတော်တို့ လိုချင်တဲ့ item ကိုနိပ်လိုက်တဲ့အချိန်မှာ
အပေါ်က route မှာ ဒီလိုလေးဖြစ်သွားတာကိုမြင်ရပါလိမ့်မယ်
item/1
ဒီလိုလေးတွေမျိုးပေါ့ အဲဒါက ဘာဖြစ်သွားတာလည်းဆိုတော့ ကျတော်တို့က id လေးတွေ တနည်းပြောရရင်
dynamic route တွေပေါ့ဗျ အဲလိုမျိုးဖြစ်သွားတဲ့ id တွေ dynamic တွေဖြစ်တဲ့ route ကို ကျတော်တို့က
ဘယ် id ဘယ် name နဲ့ရောက်နေတာပါဆိုပြီးတော့ ပြန်သိစေချင်တဲ့အခါမှာ useParams hook
ကိုအသုံးပြုပေးရပါတယ်
ကဲ ကျတော်တို့ ကုဒ်လေးတွေကို ဒီလိုလေးအရင်ရေးလိုက်ကြရအောင်
function DynamicRoute () {
return (
<div>DynamicRoute</div>
)
}
export default DynamicRoute အရင်ဆုံး ကျတော်တို့ component တခုကို တည်ဆောက်လိုက်ပါမယ်
အဲဒီအတွက် ကျတော်တို့က Route တွေမှာ သူ့ကို ဒီလိုလေး အသုံးပြုထားလိုက်ပါမယ်
အဲဒီမှာ ကျတော်တို့ စတင်ပြီးတော့ မြင်ရမှာပါ product ရဲ့ အနောက်မှာ full colon နဲ့ id လေးကိုရေးထားတာပါပဲ
အဲလိုမျိုးရေးထားလိုက်ရင် react router က ဘယ်လိုမျိုး မြင်တာလည်းဆိုတော့ ဒီ route က dynamic
ပြောင်းလဲ ပြီးတော့လာနိုင်တယ်ဆိုပြီးတော့ သူက သိပါတယ်
အဲဒါကို ကျတော်တို့က browser မှာ သွားစမ်းကြည့်ရင် ဒီလိုလေးမြင်ရပါလိမ့်မယ်
ဒီလိုလေးဆိုရင် ကျတော်တို့ နားလည်သွားမယ်ထင်ပါတယ်
ဆက်ပြီးတော့ ကျတော်တို့ hook လေးကိုအသုံးပြလိုက်ကြရအောင်
အရင်ဆုံး ဒီလိုလေးရေးလိုက်ပါမယ်
သူ့ကိုအသုံးပြုရင် သူက object value တစ်ခုကို return ပြန်ပေးပါတယ် အဲဒါကို ကျတော်တို့
ဒီလိုလေးရေးလိုက်ပါမယ်
ဒီလိုလေးရေးပြီးတော့ browser console မှာသွားကြည့်ရင် ဒီလိုလေးမြင်ရပါမယ်
ကျတော်တို့ Route မှာရေးခဲ့တဲ့ :id လေးက ဒီအချိန်မှာ object ရဲ့ key အနေနဲ့ ဝင်လာပြီးတော့ ကျတော်တို့
တကယ့် route ရဲ့ number ကို ကတော့ string type အဖြစ် object value အနေနဲ့ ပြပေးပါတယ်
သူ့ကို ကျတော်တို့က ရသွားပြီးဖြစ်တဲ့အတွက် ကျတော်တို့ ကြိုက်တဲ့ id number ကိုပြောင်းပါစေ
သူက ဒီလိုလေး ပြောင်းလဲပြီးတော့ ပြသွားပါလိမ့်မယ်
ဒီလောက်ဆိုရင် နားလည်သွားမယ်ထင်ပါတယ်
ကျတော်တို့ သူ့ကို browser မှာ ပြစေချင်ရင်ဒီလိုလေးရေးလိုက်ရင် သူက ပြနေပါလိမ့်မယ်
params က object type ဖြစ်တဲ့အတွက် ကျတော်တို့ သူ့ကို destructuring ပုံစံနဲ့ ရေးလို့လည်းရပါတယ်
ဒီလိုလေးဖြစ်သွားမှာပါ
ဒီလောက်ဆိုရင်တော့ ကျတော်တို့ react-router ကိုတော်တော်လေး နားလည်သွားမယ်ထင်ပါတယ်
Last updated