Additional React-Router-Dom
ကျတော်တို့ react-router ကို လေ့လာတဲအခါမှာ ကျန်တဲ့ဟာလေးတွေအထဲမှာမှ အသုံးဝင်တဲ့ အရာလေးကို
ကျတော်တို့ လေ့လာဖို့လည်းလိုပါတယ်
အဲဒါက ဘာလည်းဆိုတော့ router ကို ချိန်းတဲ့အခါမှာ လိုအပ်တဲ့ tip လေးနဲ့ သူ့ရဲ့ hook တစ်ခုဖြစ်တဲ့
useNavigate
hook လေးပါပဲ့
အဲဒါကိုလေ့လာသွားကြရအောင်ဗျ
အရင်ဆုံး ကျတော်တို့ ဒီလိုလေးရေးလိုက်ပါမယ်
<a href="/">Home</a>
<a href="/about">About</a>
<a href="/product">Product</a>
<Routes>
<Route path="/" element={<Home />}></Route>
</Routes>
ကျတော်တို့ html မှာဆိုရင် page တစ်ခုနဲ့ တစ်ခု အကူးအပြောင်းကို သွားချင်တဲ့အခါမှာ သုံးတဲ့ a
tag
လေးကို အသုံးပြုပြီးတော့ route တွေကို ပြောင်းလို့ရပါတယ်ဗျ
href
ထဲမှာ က ကျတော့ ကျတော်တို့ သွားစေချင်တဲ့ route page ကို ရေးထားပြီးတော့ သူ့ကို route ထဲမှာ
ဒီလိုလေးရေးလိုက်ပါမယ်
<Routes>
<Route path="/" element={<Home />}></Route>
<Route path="/about" element={<About />}></Route>
<Route path="/product" element={<Product />}></Route>
</Routes>
ဒီလိုလေးရေးလိုက်ပြီးတော့ ကျတော်တို့ browser မှာသွားကြည့်တဲ့အခါမှာ ဒီလိုလေး မြင်ရပါမယ်
ဒီလိုလေး မြင်ရတဲ့အခါမှာ ကျတော်တို့ အပေါ်က address bar ထဲမှာ ရှိတဲ့ localhost:5173
ရဲ့အနောက်မှာ ဘာမှ မရှိတာကို မြင်ရပါလိမ့်မယ်အဲဒါက “/”
ဒီဟာကိုပြောချင်တာပါ
နောက်ထပ် route ကိုသွားဖို့အတွက် ကျတော် about လေးကိုနိပ်လိုက်ပါမယ်
ဒီလိုလေး ဖြစ်သွားတာကိုမြင်ရပါမယ်
ဒီလောက်ဆိုရင်ကျတော်တို့ တော်တော်လေး နားလည်သွားမယ်လို့ထင်ပါတယ်
အဲဒီတော့ ကျတော်တို့ နောက်ထပ် ဟာလေးတွေကို ဆက်လေ့လာသွားကြရအောင်
အဲဒါက ဘာလည်းဆိုတော့ NavLink
နဲ့ Link
ဆိုတဲ့ဟာလေးတွေပါပဲ
သူတို့က ဘယ်လိုမျိုးအလုပ်လုပ်ပေးတာလည်းဆိုတာကို ကြည့်လိုက်ကြရအောင်
import {Routes , Route, Link , NavLink} from 'react-router-dom'
အရင်ဆုံး ကျတော်တို့ react-router-dom ကနေပြီးတော့ သူတို့ကို import လုပ်လိုက်ပါမယ်
ပြီးသွားရင် ကျတော်တို့က ခုနက a tag
တွေအစား ဒီလိုလေးပြောင်းလဲပြီးတော့ရေးလိုက်ပါမယ်
<Link to="/">Home</Link>
<Link to="/about">About</Link>
<Link to="/product">Product</Link>
// rest of code
ဒီလိုလေးရေးပြီးတော့ browser မှာသွားကြည့်လိုက်ရင် ကျတော်တို့ ခုနက အတိုင်းလေး မြင်ရပါလိမ့်မယ် ဗျ
သူ့ရဲ့အလုပ်လုပ်ပုံက a tag နဲ့ သိပ်မကွာသွားပါဘူး a tag
ရဲ့ href
အစား to ဆိုပြီးတော့ ပြောင်းလဲ သုံးပေးရုံပါပဲ
နောက်တစ်ခုဖြစ်တဲ့ NavLink
ကို ဆက်ကြည့်လိုက်ကြရအောင်ဗျ
<NavLink to="/">Home</NavLink>
<NavLink to="/about">About</NavLink>
<NavLink to="/product">Product</NavLink>
// rest of code
ဒီလိုလေးရေးပြီးတော့ ကျတော်တို့ browser မှာသွားကြည့်တဲ့အခါမှာ ခုနက လိုပဲ အတူတူပဲ သွားပါတယ်
ဒါပေမယ့် သူ့မှာက ထူးခြားတာ တခုက ဘာလည်းဆိုတော့
ကျတော်တို့က လက်ရှိရောက်နေတဲ့ route ရဲ့ nav link ( a tag )
ထဲကို class ‘activ’
လေး ကို
ထည့်ပေးသွားတာကို မြင်ရပါလိမ့်မယ်
Inspect ထောက်ပြီး ကြည့်ရင် ဒီလိုလေး မြင်ရပါလိမ့်မယ် အဲလိုမျိုး မြင်ရတော့ ကျတော်တို့က nav link ကို
active ဖြစ်အောင် ပြဖို့အတွက်က လွယ်ကူသွားပါတယ်
သူ့ရဲ့ class active ကို ကျတော်တို့ index.css မှာ လိုအပ်တဲ့ css code လေးတွေ သွားရေးလိုက်တဲ့အခါမှာ
ကျတော်တို့အတွက် UX ( user experience ) ပိုင်းမှာ တော်တော်လေး အဆင်ပြေသွားစေပါတယ်
ဒီလိုလေး မြင်ရပါလိမ့်မယ်
ဒီလောက်ဆိုရင် ကျတော်တို့ react-router ကို တော်တောလေး နားလည်သွားမယ်လို့မြင်ပါတယ်
Last updated