useNavigate Hook ( React-Router-Dom)
ကျတော်တို့ react router ရဲ့ hook တစ်ခုဖြစ်တဲ့ useNavigate
ကလည်းတော်တော်လေး အသုံးဝင်ပါတယ်
သူ့ကိုကျတော်တို့က ဘယ်လိုမျိုးအသုံးပြုလို့ရတာလည်းဆိုတော့ ကျတော်တို့ dynamic တွေကို
redirect လုပ်ရတဲ့အခါမှာ လည်း သူက တော်တော်လေးအသုံးဝင်ပါတယ်
ကျတော်တို့ လေ့လာလိုက်ကြရအောင်
အရင်ဆုံး ဒီလိုလေး ရေးလိုက်ပါမယ်
import { useNavigate } from "react-router-dom"
// rest of code
ဒီလိုလေး import လုပ်လိုက်ပြီးရင် ကျတော်တို့က သူ့ကိုအသုံးပြုမှာပါ
သူ့ကိုအသုံးပြုရင် သူက method တခုကို return ပြန်ပေးပါတယ်
အဲဒါကို ကျတော်က ဒီလိုလေး သိမ်းလိုက်ပါမယ်
const navigate = useNavigate()
//rest of code
အဲဒီ method ထဲမှာ သူက parameter တွေကို string value အနေနဲ့ လက်ခံပါတယ်
အဲဒါကို ကျတော်တို့က ဘယ်လိုမျိုး အသုံးပြုလို့ရသွားမှာလည်းဆိုတော့ ကျတော်တို့ function တွေထဲမှာ
သူ့ကိုအသုံးပြုပြီးတော့ သွားစေချင်တဲ့ route ကို redirect လုပ်ခိုင်းလို့ရသွားပါတယ်
ကျတော်တို့ function လေးကို ဒီလိုလေးရေးလိုက်ပါမယ်
const clickHandler = () => {
// rest of code
navigate("/home")
}
ပြီးသွားရင်တော့ ကျတော်တို့ က ဒီလိုလေး အသုံးပြုလိုက်ပါမယ်
<button onClick={clickHandler}>Redirect to route home</button>
ကျတော်တို့ browser မှာ ကြည့်လိုက်တဲ့အခါမှာ ဒီလိုလေးတွေ့ရပါလိမ့်မယ်
ဒီလောက်ဆိုရင် သူ့ကိုအသုံးပြုတတ်သွားမယ် ထင်ပါတယ်
Last updated